စတော်ဘယ်ရီ ဒိန်ချဉ် တစ်ခွက်၏ ကောင်းကျိုးများ
25-Feb-2017
စတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါသော ရာသီဖြစ်သဖြင့် ယနေ့အဖို့ စတော်ဘယ်ရီသီး ဖျော်ရည် ဖျော်သောက်ဖို့ စိတ်ကူးရမိသည်။ အများစုမှာ စတော်ဘယ်ရီသီးကို နို့ဆီ၊ သကြား မျှတစွာ ထည့်၍ ဖျော်သောက်တတ်ကြသည်။ ကျွန်မကတော့ ဒိန်ချဉ်၊ ထန်းလျက်ရည်ဖြင့် ဖျော်ထားသည့် ချိုချဉ်စိမ့်မွှေး စတော်ဘယ်ရီ ဒိန်ချဉ် ဖျော်ရည်ကို ပိုမို နှစ်ခြိုက်မိတယ်။ သည်လိုသောက်သုံးခြင်းဖြင့် အရသာတင်မဟုတ် အာဟာရဓာတ်ပါ ပိုမို ကြွယ်ဝစွာ ရရှိမှာပါ။
စတော်ဘယ်ရီ ဒိန်ချဉ် ဖျော်ရည်ကနေ ပရိုတင်း၊ ပိုတက်စီယမ်၊ ကယ်လစီယမ်၊ သကြားဓာတ်၊ အမျှင်ဓာတ်တွေကိုပါ ရရှိစေပါတယ်။ စတော်ဘယ်ရီသီးတွင် ပါဝင်သည့် အမျှင်ဓာတ်ဟာ အစာခြေစနစ်အတွက် ကောင်းမွန်စေပြီး ဝိတ်ချလိုသူများအတွက် အထောက်အပံ့ ဖြစ်စေသည်။ ရေရှည် စားသုံးပေးပါက ကိုလက်စထရော ကျစေပြီး နှလုံး ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။ ကင်ဆာဆဲလ် ဖြစ်ပေါ်မှု ပမာဏကိုလည်း လျော့နည်းစေပါသေးတယ်။
စတော်ဘယ်ရီ ဒိန်ချဉ်ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ဆိုးဝါးစေသော ဘက်တီရီးယားပိုးတွေကိုပါ နှိမ်နင်းပေးနိုင်ပါတယ်။ စာဖတ်သူတို့လည်း ကျန်းမာရေးအတွက် ကောင်းပြီး အရသာလည်းရှိတဲ့ စတော်ဘယ်ရီဒိန်ချဉ်ဖျော်ရည်ကို နှစ်သက်လိမ့်မယ်လို့ ထင်မိပါတယ်။
Healthcare.com.mm
Credit : yoyarlay
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

